မန်ဘာဝင်ပြီး အားပေးသွားပါ....

မြန်မာပြည်မှာ အခုတလောရေပန်းစား နေတဲ့ Vivo မှအသစ်ထွက်ရှိလာတဲ့ V5Plus အကြောင်း






သူငယ်ချင်းတို့ အားလုံး မင်္ဂလာပါ။
ဒီPost ကတော့ Vivo က အသစ်ထွက်ရှိလာတဲ့ Vivo V5Plus နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို သုံးသပ်တင်ပြခြင်းဖြစ်ပါတယ်။
Vivo ဖုန်းဟာ နည်းပညာဖွဲ့စည်းမှုအပိုင်းမှာ အရည်အသွေး ကောင်းမွန်နေတာကြောင့် ဖုန်းအသစ်ထွက်ရှိလာတိုင်း Vivo သုံးစွဲဖူး သူတိုင်းက စိတ်ဝင်စားနေကြတာကိုလည်း တွေ့မြင်ရပါတယ်။ အသစ်ထွက်ရှိလာတဲ့ Vivo V5Plus ကလည်း ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့စည်းထား ပြီး ကမ္ဘာ့ပထမဦးဆုံး 20MP DFC ပါဝင်တာကြောင့် Selfie ရိုက်ဝါသနာပါသူတွေအတွက်တော့ အသုံးဝင်မယ့် ဖုန်းလေးတစ်လုံးဖြစ်မှာ သေချာပါတယ်။

ဖုန်းတစ်လုံးမှာ အဓိကကျတဲ့ Battery ကလည်း  အချိန်တိုတွင်း အားပြည့်နိုင်တာကိုလည်းတွေ့ရတယ်။ ပြိုင်တူအားသွင်းစနစ် (Dual Charging Engine) နည်းပညာနဲ့ ပြုလုပ်ထားတဲ့ 3160mAh  Battery က ပါဝါအား ကြာရှည်ခံတဲ့အပြင် သုံးစွဲသူတွေအတွက် လုံခြုံစိတ်ချရတဲ့ အားသွင်းစနစ်ကိုပါ ထည့်သွင်းထုတ်လုပ်ထားပါတယ်။ ဖုန်းရဲ့ Battery အားကတော့ ( 21 နာရီ ) ဖုန်းပြောနိုင်ပါတယ်။

Vivo V5Plus ဖုန်းမှာ ပိုပြီး သဘောကျတဲ့ အပိုင်းကတော့ Cameraပဲ ဖြစ်ပါတယ်။ VivoV5Plus ဖုန်းရဲ့ 20MPရှိ Dual Front Cameraကို နာမည်ကြီးSonyကုမ္ပဏီနဲ့ ပူးတွဲထုတ်လုပ်ထားတာကြောင့် ရုပ်ထွက်ကြည်လင်ပြတ်သားမှုရှိမှာ အသေအချာပါပဲ။ ကင်မရာ အရည်အသွေးကို စိတ်ချရတယ် စိတ်မချရဘူးဆိုတာ VivoV5Plusဖုန်းရဲ့ Operation System ကို ကြည့်ရုံနဲ့ သူငယ်ချင်းတို့ သိရှိနိုင်ပါတယ်။

ရှေ့မှာပါဝင်တဲ့ ကင်မရာနှစ်လုံးထဲက ပင်မကင်မရာရဲ့ အားကောင်းမှုကြောင့် ရုပ်ပုံတွေကို တောက်ပတဲ့ အရောင်အသွေးနဲ့ အံ့သြစရာကောင်းလောက်တဲ့အထိ ရှင်းလင်းပြတ်သားစွာ ဖမ်းယူနိုင်ပြီး ဆယ်ဖီရိုက်တိုင်း
ဒီပုံတော့မလှဘူးဆိုပြီး အကြိမ်ကြိမ်ပြန်ရိုက်နေစရာမလိုအောင်ကို ဖြစ်စေမှာပါ။ ဒါ့အပြင် 8MP ဒုတိယကင်မရာက ပင်မကင်မရာကို အကောင်းဆုံး အားဖြည့်ထားတာကြောင့် ဒီကင်မရာနှစ်လုံးပေါင်းစပ်မှုရဲ့ ရလဒ်ဟာ DSLR ကင်မရာတွေမှာသာ တွေ့ရတဲ့ Bokeh Effect ကို ပေးစွမ်းနိုင်ပါတယ်။ အဲ့ဒါကတော့ Depth of Field လို့ခေါ်တဲ့ ရှေ့ကပုံရိပ်နဲ့နောက်ခံ Background ကြားပြတ်သားမှုကို ပြုလုပ်ပေးတဲ့Function တစ်ခုပါ။ ဒါ့အပြင် Selfie Softlight Function က Professional ဓာတ်ပုံဆရာ တစ်ယောက်လို မီးအလင်းအမှောင်ချိန်ညှိ့ပေးနိုင်တာကြောင့် ညဖက်တွေမှာပါ
အကောင်းဆုံးဖန်တီးရိုက်ကူးနိုင်မှာဖြစ်ပါတယ်

5.5 လက်မရှိမျက်နှာပြင်နဲ့ ကွေးညွှတ်ပါးလွှာတဲ့ ရွှေရာင်ကိုယ်ထည်တို့ကြောင့် ကိုင်တွယ်အသုံးပြုရတာ ပေါ့ပါး
စမတ်ကျစေမှာ အသေအချာပါပဲ။ VivoV5Plus ဖုန်းက Storage 64MB၊ Quad-core Snapdragon 652 Processor ၊ Clocking speed 1.8GHz ၊ Android Version 6.0 တို့နဲ့ ဖွဲ့စည်းထားတာဖြစ်လို့ လုပ်ဆောင် ချက်တွေက
တော်တော်လေး ပေါ့ပါးမှုတော့ရှိပါတယ်။ အရင် V5 series တွေရဲ့ လက်ဗွေစနစ်ထက် ပိုမို
မြန်ဆန်ကောင်းမွန်အောင်အဆင့်မြှင့်ထားလို့ အရင်ထက် လုံခြုံစိတ်ချရတဲ့ ခံစားမှုကိုပေးနိုင်မှာပါ၊

VivoV5Plus ဖုန်းဟာ ဆိုရင် ဓာတ်ပုံ ၊ ကင်မရာကို ပိုကောင်းအောင် လုပ်ထားတယ်ဆိုပေမယ့် ထူးခြားချက်
တစ်ခုလဲ ရှိပါသေးတယ်။ အဲ့ဒါကတော့ ဆူညံသံလျှော့ပေးတဲ့ Hi-Fi အသံစနစ်ပါဝင်တဲ့ AK4376 Hi-Fi Audio Chip ထည့်သွင်းထားတဲ့အတွက်ကြောင့် Music Fan တွေလည်း ကြည်လင်ပြတ်သားတဲ့ အသံအရည်အသွေးကို V5Plus မှာ ထူးထူးခြားခြားခံစားနိုင်မှာပါ။

ဒါဆိုရင်တော့ ၅သိန်း ၃ သောင်းကျော် ဈေးနူန်းနဲ့ ဖုန်းမှာပါဝင်တဲ့ Software၊ Hardward တွေကို ချိန်ဆကြည့်မယ်ဆိုရင်  ဒီ VivoV5Plus သုံးစွဲသူအတွက် ပြောစရာမရှိပါဘူး တန်ပါတယ်။


အားလုံးအဆင်ပြေကြပါစေ....

ဘားမစ်နည်းပညာ

0 Response to " မြန်မာပြည်မှာ အခုတလောရေပန်းစား နေတဲ့ Vivo မှအသစ်ထွက်ရှိလာတဲ့ V5Plus အကြောင်း "